About Our Trainer

About Trainer
အရှေ့တောင်အာရှ ဆီးဂိမ်းချန်ပီယံ မောင်မြန်မာ အောင်ခိုင်ဝင်း
ဆရာအောင်ခိုင်ဝင်းသည် ဖခင် ဦးတင်ဝင်း၊ မိခင် ဒေါ်သိန်းကြည်တို့၏ သားသမီး မွေးချင်းသုံးယောက်တွင် သားနှစ်ယောက်၊ သမီးတယောက်မှာ ဒုတိယမြောက် သားလတ်ဖြစ်ပါသည်။ ဆရာအောင်ခိုင်ဝင်း၏ ဇာတိမှာ မကွေးတိုင်း ငဖဲမြို့နယ် ပဒါန်းကျေးရွာဖြစ်ပြီး မွေးသက္ကာရာဇ်မှာ ၁၇.၁၂.၁၉၇၈ ဖြစ်ပါသည်။
ကာယဗလ လေ့ကျင့်ခန်းကို ငယ်စဉ်ကပင် ဝါသနာကြီးခဲ့ပြီး ၆လတာ လေ့ကျင့်ရေးစာအုပ်တအုပ်ကို လက်ကိုင်ကာ စတင် လေ့ကျင့်ခဲ့ပါသည်။ gym ဆိုသည့် အခန်းကဏ္ဍ မရှိသည့် အရပ်ဒေသကျေးရွာတွင် မိမိကိုယ်တိုင် ဖန်တီးပြုလုပ်ထားသည့် အလေးတုံးအလေးပြားများဖြင့် လေ့ကျင့်ကာ တနေ့မောင်မြန်မာဖြစ်ရမည်ဟု ရည်ရွယ်ချက်ပြင်းထန်ခဲ့သော တောသားလေးတယောက် ဖြစ်ခဲ့ပါသည်။ ဆရာအောင်ခိုင်ဝင်းသည် ၁၉၉၈ ခုနှစ်တွင် မကွေးတိုင်း ကိုယ်စားပြုချန်ပီယံတဦးအဖြစ် ပွဲဦးထွက်ကာ ကာယဗလလောကသို့ စတင်ဝင်ရောက်လာပြီး နိုင်ငံလက်ရွေးစင်တယောက်အနေဖြင့် ရွေးချယ်ခြင်းခံရကာ နိုင်ငံတော်မှ စခန်းသွင်း လေ့ကျင့်ပြီး နိုင်ငံဂုဏ်ဆောင် အားကစားသမားတဦးဖြစ်လာခဲ့ပါသည်။
ဆရာအောင်ခိုင်ဝင်းသည် ၂၀၀၂ ၊ ၂၀၀၃ ၊ ၂၀၀၈ ၊ ၂၀၂၀ ၊ ၂၀၂၂ နှစ်များတွင် မောင်မြန်မာ ပထမဆုများကို ရရှိထားပြီး ၂၀၀၆ ၊ ၂၀၀၇ ၊ ၂၀၀၈ ၊ ၂၀၀၉ ၊ ၂၀၁၈ နှစ်များတွင် အိုလံပစ်မောင် ပထမဆုများကို ရရှိကာ မောင်မြန်မာ ဆု အိုလံပစ်မောင် ဆုတို့ကို ချန်ပီယံဆု ၅ ကြိမ် တိုင်တိုင် ရရှိကာ ပြည်တွင်းတွင် အောင်ပွဲဆင်နွှဲနိုင်ခဲ့သည်။
မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် နိုင်ငံတကာပွဲများဝင်ရောက်ယှဉ်ပြိုင်ရာ ၂၀၀၇ ခုနှစ် ထိုင်းနိုင်ငံတွင် ကျင်းပသည့် ၂၄ကြိမ်မြောက် အရှေ့တောင်အာရှ SEA Games ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု၊ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံတွင် ကျင်းပသည့် ၂၇ကြိမ်မြောက် အရှေ့တောင်အာရှ SEA Games ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုများကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ကမ္ဘာ့တံခွန်စိုက်ကာယဗလမောင်ပြိုင်ပွဲအဆင့် (၅) ကို ရရှိခဲ့ကာ နိုင်ငံ့ဂုဏ်ဆောင်ခဲ့သည်။ နိုင်ငံတော်မှ လူမှု ထူးချွန်ဆုတတိယအဆင့်ကို ချီးမြှင့်ခြင်းခံရပြီး မကွေးတိုင်းဒေသကြီးဂုဏ်ထူးဆောင်လက်မှတ်ကိုလည်း တိုင်းကိုယ်ကျိူးပြုအနေဖြင့် ထိုက်တန်စွာ ချီးမြှောက်ခြင်းခံခဲ့ရသည်။
ဆရာအောင်ခိုင်ဝင်း နိုင်ငံကိုယ်စားပြုဂုဏ်ဆောင်ခဲ့သော တခြားဆုများမှာ
၂၀၀၃ SEA Games ဗီယက်နမ် တတိယဆု၊
၂၀၀၄ South East Asia Indonesia ဒုတိယဆု၊
၂၀၀၅ SEA Games ဖိလစ်ပိုင် ဒုတိယဆုတို့ဖြစ်ပါသည်။
ဆရာအောင်ခိုင်ဝင်းသည် မိမိ တတ်ကျွမ်းသိရှိထားသော ပညာဖြင့်သာ
အသက်မွေးဝမ်းကြောင်းပြုမည်ဟု ခိုင်မာသောဆုံးဖြတ်ချက်ဖြင့် ၂၀၀၄ ခုနှစ် စည်ပင်ဝင်းထဲတွင် ကိုယ်ကာယလေ့ကျင့်ရေးသင်တန်း စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၇ တွင် တာမွေ ရွှေဗဟိုဆေးရုံဝန်းအတွင်းတွင် Gym လေ့ကျင့်ရေးသင်တန်းအနေဖြင့် ကိုယ်ပိုင်စီးပွါးရေးလုပ်ငန်း စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၂၂ တွင် မရမ်းကုန်းမြို့နယ် ခဝဲခြံမှတ်တိုင်ရှေ့တွင် ဒုတိယ Gymခွဲ ထပ်မံဖွင့်လှစ်ထားပါသည်။ နှစ်ဆယ်ကျော် အတွေ့အကြုံများနှင့် ဆရာအောင်ခိုင်ဝင်း ပြောင်းလဲပေးခဲ့သော များစွာသော client များကြောင့်ပင် လာအများကြီး ယုံကြည်အားပေးကာ ဆရာ၏ သင်တန်းသို့ နယ်ဝေး၊ ရပ်ဝေးကပင် လာရောက် စခန်းသွင်းလေ့ကျင့်သူများ ရှိလာပြီး အောင်ခိုင်ဝင်း ချန်ပီယံ ကိုယ်ကာယ လေ့ကျင့်ရေးသင်တန်းသည် နာမည်တစ်ခု ရရှိကာ ရပ်တည်လာနိုင်ခဲ့ပါသည်။
ရပ်ဝေး ရပ်နီး၊ နိုင်ငံရပ်ခြားမှ ဆရာ့အား ယုံကြည်အားပေးချင်သူများ အဆင်ပြေစေရန် Online program အား အရှေ့တောင်အာရှ ဆီးဂိမ်းချန်ပီယံ မောင်မြန်မာ အောင်ခိုင်ဝင်းမှ ရေးဆွဲ တည်ဆောက်ပေးခြင်းဖြစ်ပါသည် ခဗျာ။











Our Blog & Article
ကျွန်ုပ်၏ ဘလော့ဂ်သို့ ဝင်ရောက်ပြီး ကောင်းမွန်သော ကျန်းမာရေးနှင့် ကိုယ်ခံစွမ်းအားရရှိရန်အတွက် လေ့ကျင့်ခန်းမှ ဉာဏ်ရည်ထူးချွန်မှုအထိများစွာသော အသူံးချနိုင်သော အကြံဉာဏ်များနှင့် လက်တွေ့ကျကျ အကြံဉာဏ်များကို ရယူပါ။ သင်သည် အားကစားစိတ်ဝင်စားသူဖြစ်စေ၊ သို့မဟုတ် သင့် ခရီးကို စတင်နေသူဖြစ်စေ၊ ကျွန်ုပ်တို့၏ ဘလော့ဂ်သည် သင့်အား ကျန်းမာရေးနှင့် ကိုယ်ခံစွမ်းအားရရှိရန် အရေးကြီးသော ဉာဏ်ရည်များကို ပေးစွမ်းပါသည်။